Thursday, March 14, 2013

ဆုံမှတ်တို့ဝေးရာ

           ဖေဖော်ဝါရီလ 14 ရက် ချစ်သူများနေ့ Valentine Day အတွက်ထွက်နေသော သီချင်းခွေများ၊ အမှတ်တရ ပို့ စ်ကတ်လှလှလေး များ၊ လက်ဆောင်ပေးချင်စဖွယ်ဖြစ်အောင် အဆင်သင့်ထုတ်ပိုးပြင်ဆင်ထားသောအရုပ်များ၊ ချောကလက်များကို ရောင်း ချသောဆိုင်တွေကို နေရာအနှံ့ အပြားမှာ တွေ့ လာရတော့ ခုနောက်ပိုင်းလူငယ်တွေက ချစ်သူများနေ့  Valentine Day ကို အရင်ကထက်ပိုပြီး ခံစားရူးသွပ်လာကြတာပဲဟု တွေးမိပြန်သည်။ သူမအတွက်တော့ ဖေဖော်ဝါရီလ (14) ရက်နေ့  သည် ပြက္ခဒိန်ပေါ် မှ ရက်စွဲတစ်ခုရယ်သာ ……………

           အဲဒီလို အတွေးမျိုးတွေးမိတော့ ငယ်ငယ်ရွယ်ရွယ်လူငယ်တစ်ယောက်လည်း မဟုတ်ပါပဲနှင့် သူမနှင့် ဆန့် ကျင်စွာ Valentine Day ကို တန်ဖိုးထားသော၊ ချစ်သူများနေ့ ကို နူးညံ့ရင်ခုန်စွာဖြတ်ကျော် ကျင်းပချင်သော တစ်စုံတစ်ယောက်ကို ဖြတ်ကနဲ သတိ ရမိပြန်သည်။ ဖေဖော်ဝါရီလ (14) ရက်နေ့ ကို ပြက္ခဒိန်ပေါ်မှ ရက်စွဲတစ်ခုလို့ သာ သဘောထားလိုက်မိသော သူမအတွက်နှစ် စဉ် Valentine နေ့ တိုင်း သတိရမိနေမှာဖြစ်သောကိစ္စတစ်ခုကတော့ ဘ၀အတွက်ဖြစ်တည်ခဲ့လေပြီ။

        “တခါတရံ တိုက်ဆိုင်မှုတွေရှိလာတော့လည်း အမှတ်တမဲ့ မင်းကိုလွမ်းပါတယ်။ အပေါ်ယံရှပ်ထိသော ဒဏ်ရာမဟုတ်တော့လွယ် ကူစွာနဲ့ ငါ မေ့မရဘူးကွယ်။ တွေးရင်မှတ်မိအုံးမယ် ထင်ပါတယ်။” ဆိုတဲ့ လေးဖြူရဲ့သီချင်းထဲကစာသားလိုပါပဲ။ တိုက်ဆိုင်တိုင်း မှာတော့ သူ့ ကို သတိရမိနေမိခဲ့ပါသည်။ အထူးသဖြင့် သူမရဲ့အဖွဲ့ နဲ့ ခရီးတွေထွက်တိုင်းမှာပေါ့။ ပြန်တွေးကြည့်တော့ ဘာလို လိုနှင့် တစ်နှစ်နီးပါးပင် ကြာမြင့်ခဲ့လေပြီ။

                             x           x           x           x           x           x           x


            “မေ မေ့ရဲ့ကိစ္စကို တစ်ရက်လောက် နောက်ဆုတ်လိုက်လို့ မရဘူးလား။ မနက်ဖြန်က ဘာနေ့ လည်းဆိုတာ မေအသိဆုံးပဲ။ ပြီးတော့ အဲဒီနေ့ ဟာ မောင်တို့ နှစ်ယောက်အတွက် ဘယ်လောက်အရေးကြီးတဲ့နေ့ လဲဆိုတာ မေသိတာပဲနော်။ Please Request ကွာ။ မောင် အနူးညွတ်တောင်းပန်ပါတယ်”

            “မောင်ကလည်း ကလေးကျနေတာပဲ။ မနက်ဖြန် Valentine Day အဲဒါ ဘာဖြစ်လဲ။ မေတို့ အရွယ်မှာ Valentine Day တို့  ချစ်သူများနေ့ တို့ ဆိုတာ ဘာအရေးကြီးတော့လို့ လဲ။ အကျီဆင်တူဝတ်ပြီး နှစ်ယောက်အတူ လျှောက်လည်ရအောင် လည်း  ငယ်တော့တဲ့အရွယ်တွေ မဟုတ်တော့ မလုပ်ချင်ပါဘူး။ ရှက်စရာကြီး။ ချောကလက်တွေ အပြန်အလှန်ပေး၊ ပန်းစည်းတွေ လက်ဆောင်တွေ အပြန်အလှန်ပေး အဲဒါတွေကိုလည်း မနှစ်က မောင်နဲ့  ချစ်သူစဖြစ်တဲ့ Valentine Day မှာ လုပ်ခဲ့ပြီးပြီလေ မောင်ရဲ့။ တော်ပြီပေါ့။ နောက်ပြီးဒီကိစ္စက မေ အပျော်သွားတာမှမဟုတ်တာ။ တိုက်တိုက်ဆိုင်ဆိုင် မောင်လာ တဲ့နေ့ နဲ့ တိုက်ဆိုင်သွားတာ ကလွဲလို့  ဒီခရီးစဉ်ဟာ မေ စီစဉ်ပြီးသားခရီးစဉ်တစ်ခု၊ မောင်လည်းသိထားပြီးသား အကြောင်း အရာတစ်ခုပဲ။ ဘာမဟုတ်တဲ့ ကိုယ်ရေးကိုယ်တာအကြောင်းပြချက်လေးတစ်ခုနဲ့ တော့ မေ့ရဲ့ အလုပ်ကို မေ လက်မလွှတ်နိုင် ဘူးမောင်။ နောက်ပြီးမေတို့ ဒီနေ့   တနေကုန် တွေ့ လို့ ရသေးတယ်လေ။ မေညနေမှ ကားစီးမှာ ဒီမနက်ပိုင်း မောင်ဘယ်သွား ချင်လဲ။ ဘာစားချင်လဲ။ ဘာလုပ်ဖို့  စိတ်ကူးရှိလဲ ပြော။ အချိန်ရသေးတယ်။”

            “မောင်တို့ ရဲ့ Anniversary ကို ဘာမဟုတ်တဲ့ကိစ္စလို့  သုံးနှုန်းလိုက်တာလားမေ။ မေကိုယ်တိုင်ကဒီကိစ္စကို ဘာမဟုတ်တဲ့ကိစ္စလို့  သဘောထားတာလား။ နောက်ပြီး ဒီတခေါက်လာရင် မေ့မိဘတွေနဲ့  မောင့်ကိုတွေ့ ပေးဖို့  မောင်တောင်း ဆိုထားတာ ကိုရော သတိရသေးရဲ့လား။ ”

            “သတိရတယ်မောင်။ မောင့်ကို မေ့မိဘတွေနဲ့  တွေ့ ပေးဖို့ က ဒီတစ်ခေါက်အဆင်မပြေရင် နောက်တစ်ခေါက်လာချိန် မှာ တွေ့ ပေးလို့ ရတာပဲ။ ခုကိစ္စကလည်း မေတို့ အဖွဲ့ မှာ ဒီရက်တော့ သွားကြမယ်လို့ စီစဉ်ထားပြီးသား။ ဒါကြောင့်မို့  မောင့် ကို ပြောပါတယ်။ မေပြန်လာချိန်မှ လာပါဆိုတာကို မောင်က မစောင့်နိုင်ပဲ ချက်ချင်းထလာပြီးတော့။ နောက်ပြီး မေတို့ လို အသက်အရွယ်က ချစ်သူများနေ့ မို့ လို့  ချစ်သူရောက်နေလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့  အဖွဲ့ အစည်းနဲ့ လုပ်မဲ့ကိစ္စ ကို နောက်ဆုတ်ထားလို့ ကောင်းတဲ့ အရွယ်တွေ မဟုတ်တော့ဘူးလေ။ ဒီလိုလုပ်ပါလား။ မေတို့ နဲ့ အတူ မောင်ပါလိုက်ခဲ့လေ။ ဒါဆိုအတော်ပဲ။ မောင်လည်း ရန်ကုန်မှာတစ်ယောက်ထဲ ကျန်မနေတော့ဘူး။ မေလည်း အဖော်ရတာပေါ့။ နောက်ပြီးမေတို့ ရဲ့ Anniversary Day မှာ နှစ်ယောက်အတူလျှောက်လည်တယ်ဆိုတာထက် နှစ်ယောက်အတူတွဲပြီး ပရဟိတအလုပ်ကို အတူ လုပ်ရတယ်ဆိုတာ ပို မကောင်းဘူးလား မောင်။ ပိုပြီးကျေနပ်ဖို့ လည်းကောင်းတယ်။ ပြန်တွေးကြည့်ရင်လည်း ဘယ်လောက် များ ကြည်နူးဖို့ ကောင်းလိုက်မလဲ။ မေအခုသွားမဲ့နေရာကကျောင်းလေးက လူသူအရောက်အပေါက်လည်းနည်းသလို တော်ရုံ အလှူရှင်ရောက်ဖို့ မလွယ် တဲ့နေရာမျိုးပဲ။ သူတို့ မှာ ချို့ ချို့ တဲ့တဲ့နဲ့ ကျောင်းတက်ရရှာတာ။ အဲဒီကလေးတွေကိုသူတို့ လေးတွေ ဘာလိုချင်လဲဆိုတာ ရှေ့  တစ်ခေါက်ကသွားခဲ့တဲ့ အမတွေကိုမေးခိုင်းထားတာရှိတယ်။ သူတို့ တွေကပုံဆွဲစာအုပ်လေးတွေ လိုချင်တယ်လို့ ပြောကြတယ်။ ကျောင်းနေရင်သုံးတဲ့ စာရေးစရာ ဗလာစာအုပ်ကိုတောင်မ၀ယ်နိုင်လို့  ကျောင်းထိုင်ဘုန်းဘုန်း ကနေ ထောက်ပံ့နေရတဲ့ သူတို့ လိုကလေးတွေမှာ ပုံဆွဲစာအုပ်ဆိုတာ သူတို့ ဘ၀အတွက်မက်ဖို့  မလွယ်တဲ့အိပ်မက်ပဲလေ။ သူတို့ ရဲ့စိတ်ကူးအိပ်မက်လေးတွေ ကို မေက အကောင်အထည်ဖော်ဖြည့်ဆည်းပေးချင်တယ်။ ဒါကြောင့် သူတို့ အတွက်ရောင်စုံ ခဲတံနဲ့ ပုံဆွဲစာအုပ်လှလှလေးတွေ ၀ယ်သွားမယ်လို့  စဉ်းစားထားတယ်။ မကောင်းဘူးလား။ မေတို့ နှစ်ယောက်ပေါင်းလှူ ရအောင်နော် ”

            “မေ့ကို ခရီးမသွားဖို့  အဖွဲ့ နဲ့ အတူမလိုက်သွားဖို့  မောင်ပြောနေတာနော်။ မောင့်ကို မေနဲ့ အတူလိုက်ဖို့ လာမခေါ်နဲ့ ။ မလိုက်ချင်ဘူး။ နေစမ်းပါအုံး။ မေတို့ တစ်ဖွဲ့ လုံးမှာ မေမှမပါရင် ဒီခရီးစဉ်ကမဖြစ်တော့ဘူးတဲ့လား။ သူတို့ ဘာသာသူတို့ သွား ပါစေပေါ့။ မေ လှူချင်တဲ့ပစ္စည်းရှိရင် ထည့်ပေးလိုက်ရင်ရတာပဲ။ ဒါဆို မဖြစ်ဘူးလား။”

            “မဖြစ်ဘူး။ မေတို့ ဒီတစ်ခေါက်သွားမှာ လူများတယ်။ ဆရာဝန်တွေလည်း ပါတယ်။ ဆရာဝန်ညီမလေးတွေက မေ့ ကို သိပြီးလိုက်ကြတာ။ သူတို့ အိမ်တွေကလည်း မေပါတယ်ဆိုလို့  သူတို့ ကို စိတ်ချလက်ချ ထည့်လိုက်တာလေ။ မေက သူတို့  အုပ်ထိန်းသူဖြစ်ပြီး မလိုက်လို့  ဘယ်ရပါ့မလဲ။”

            “နေပါအုံး။ မေ့ကိုဘယ်သူကများ စိတ်ချယုံကြည်ပြီး သူတို့ ရဲ့သားသမီးတွေကိုအပ်လိုက်တာလဲ။ မေ့ကိုစိတ်မချ ရင်ရော ဘယ်သူ့ ကို မောင်ကစောင့်ရှောက်ခိုင်းရမှာလဲ ပြောစမ်းပါအုံး။ မေတို့  အဖွဲ့ ထဲမှာ ယောကျာ်းလေးတွေအများကြီးပဲ။ သူတို့  ကိုရော ဘယ်လောက်အတိုင်းအတာထိ ယုံကြည်ရမှလဲ။ ပြောစမ်းပါအုံး မောင့်ကို ”

            “မေ့အသက်အရွယ် မေ့အလုပ်အကိုင် မေ့ဂုဏ်သိက္ခာက ဘယ်သူမှ လိုက်ထိန်းပေးနေစရာ မလိုအပ်ဘူးမောင်။ မေ့ရဲ့ မိသားစုကတောင် မေ၀ါသနာပါရာ မေယုံကြည်ရာ ပရဟိတအလုပ်တွေလုပ်နေတာကို ဘယ်တော့မှမကန့် ကွက်ခဲ့ဘူး။ မေ သွားချင်တယ်။ သွားဖို့ လိုအပ်တယ်ဆိုရင်လွှတ်တာပဲ။ ရန်ကုန်မြို့ တွင်းသွားမလား။ နယ်သွားမလား။ တစ်ခုပဲ မေကကျန်းမာရေး မကောင်းလို့  နေမကောင်းဖြစ်မှာ စိတ်ပူတာကလွဲရင် ဘယ်တော့မှမသွားနဲ့ ဆိုတာမရှိဘူး။ နောက်ပြီးအဖွဲ့ ထဲကလူတွေက လည်း ခရီးသွားတယ်ဆိုရင် မေ့ကို အမတစ်ယောက်လို ညီမတစ်ယောက်လို ဂရုတစိုက်စောင့်ရှောက်ကြတာပဲ။ ဘာမှစိတ်ပူ စရာမရှိဘူး။ မလိုလားအပ်တဲ့ ပူပန်မှုမျိုးနဲ့  ကိုယ့်စိတ်ကိုယ် အပင်ပန်းမခံပါနဲ့ မောင်။ မေလည်း ဘယ်အလုပ်ကိုမဆို စိတ်အေး လက်အေး နောက်ကြောင်းအေးအေးနဲ့  လုပ်ချင်တယ်”

            “မေ့ကို မလုပ်ဖို့ ပြောနေတာ မဟုတ်ဘူး။ ဒါပေမဲ့ တချို့ ကိစ္စတွေကျတော့ မေက နေရာတကာပါတယ်လို့  မထင်ဘူး လား။ မေတစ်နေရာရာသွားတယ်ဆိုရင် ပြန်ရောက်မလာမချင်း မေ ဘယ်သူနဲ့ သွားနေလဲ။ ဘာတွေလုပ်နေလဲရယ်လို့  မောင် စိတ်ပူနေရတာတွေကိုကျတော့ မေ ထည့်မတွက်ဘူးလား။”

            “ထည့်တွက်ပါတယ်။ အမှန်အတိုင်းပြောရရင် ခရီးတစ်ခုကပြန်လာတိုင်း မောင်နဲ့ ပြသနာဖြစ်ရတာကို မေ စိတ်အညစ် ဆုံးပဲ။ နောက်ပြီး မေ ခရီးသွားတယ် တစ်နေရာရာ သွားတယ်ဆိုတာ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီဖို့ ၊ တတ်နိုင်တာကို လှူ ဖို့ သွားတာလေ။ မေ ဖုန်းပြောဖို့  သွားတာမှမဟုတ်ပဲ။ ခုတော့ မောင်က တချိန်လုံး ဖုန်းလိုက်လိုက်ခေါ်နေတော့ မေက အလုပ် လုပ်နေရင်း လူကြီးတွေဘာတွေနဲ့  စကားပြောနေရင်း ဖုန်းထထကိုင်ရတာ အဆင်မပြေဘူး။ နောက်ပြီး တခါထဲဆက်တာလည်း  မဟုတ်ဘူးလေ။ ရောက်ပြီလား။ မပြီးသေးဘူးလား။ မပြန်သေးဘူးလား။ ပြန်လာပြီးလို့  ရှင်းလင်းစရာရှိတာတွေ  ရှင်းလင်းတွက် ချက်ပြီး အဖွဲ့ က လူတွေနဲ့ စကားပြောနေရင်တောင် ခုထိ အိမ်ပြန်မရောက်သေးဘူးလားဆိုတဲ့ မေးခွန်းမျိုးတွေကို ခဏခဏ ဖြေ ရရင် မေစိတ်ရှုပ်လာရော။ ဒါကြောင့် တခါတလေကျရင် မေပြန်မရောက်မချင်း ဖုန်းပိတ်ထားတတ်တာ။ ဒါကိုဘယ်သူတွေနဲ့ ဘာ လုပ်နေလို့  ဖုန်းပိတ်ထားရတာလဲ။ မင်းတို့ အဖွဲ့ မှာ မင်းကလွဲပြီး မိန်းကလေးမရှိတော့ဘူးလားဆိုတဲ့ မောင့်ရဲ့တူညီတဲ့မေး ခွန်းတွေကို ၁၀၁ ကြိမ်မြောက် မေ မဖြေနိုင်တော့ဘူးမောင်။”

            “နေစမ်းပါအုံး မေ။ မေက ကိုယ်ပြောချင်တာတွေ မကျေနပ်တာတွေပြောရင်းနဲ့  လမ်းကြောင်းလွဲကုန်ပြီ။ ဒီစကားတွေ ကို ဘယ်အချိန်ထဲကများပြောချင်နေခဲ့တာလဲ။ ခုချိန်မှာ မောင် ဒါတွေမသိချင်ဘူး။ မောင်ဖြစ်ချင်တာက မနက်ဖြန်ချစ်သူများနေ့  မှာ မောင်နဲ့ အတူရှိနေနိုင်အောင် မေ ဒီညနေခရီးကို မလိုက်သွားဖို့ ပဲ။ ကျန်တာတွေထားလိုက်တော့။ မဆွေးနွေးတော့ဘူး”

            “မေ ဒီခရီးစဉ်ကို မဖျက်နိုင်ဘူးမောင်။ မေတို့  စနေညသွားပြီး တနင်္ဂနွေညပြန်လာမှာပဲ။ ဒီညနေကားစီးသွားရင် မနက် မန္တလေးရောက် မနက်စာစားပြီးတာနဲ့  အဲဒီကျောင်းလေးကို တန်းသွားမှာ။ ဟိုရောက်တယ်ဆို သူတို့ ကို ဆရာဝန်တွေက ကျန်း မာရေးနဲ့ ပတ်သက်တာ စစ်ဆေးပေး၊ တကိုယ်ရေသန့် ရှင်းရေးနဲ့  ပတ်သက်တာလေးတွေ ဟောပြော၊ သူတို့ အတွက် ယူသွား တဲ့ စာရေးကရိယာတွေ ဝေပေးပြီး ကျောင်းအတွက် လိုအပ်တဲ့ အလှူငွေလှူမယ်။ သူတို့ အတွက် ရန်ကုန်ကနေသယ်သွားတဲ့ ငါးအူချောင်းတွေကို မေတို့ ကိုယ်တိုင်ကြော်ကျွေးမယ်။ နောက်ပြီးကျောင်းထိုင်ဘုန်းဘုန်းနဲ့ စကားစမြည်ပြောပြီးရင် ပြန်လာလို့  ရပြီ။  ကြာ လည်းမကြာဘူး။ ညနေပြန်ရောက်ရင် မန္တလေးက သူငယ်ချင်းအိမ်မှာ ရေမိုးချိုး အ၀တ်အစားဝင်လဲ၊ အချိန်ရရင် ဘုရားကြီးဝင်ဖူး၊ ညစာစားပြီး ကားပြန်စီးလာမှာ။ ကားပေါ်မှာတင် အသွားအပြန် ၂ညအိပ်ရမှာ။ တနင်္လာနေ့ မနက်ဆို ရန်ကုန် ပြန်ရောက်ပြီ။ ဒီတော့ မောင် ရန်ကုန်မှာတစ်ရက်ပိုနေလိုက်လို့  ဘာမှ မဖြစ်ဘူးလေနော်”

           “မေ ဒီနေ့ ညနေလိုက်သွားမယ်ဆိုရင် မောင်လည်း ရန်ကုန်မှာ မနေဘူးနော်။ မနက်ဖြန်ကျရင် လေယာဉ်မရရင်လည်း ကားနဲ့ ပြန်မှာ။”

            “မောင် မစောင့်နိုင်ရင်တော့ ပြန်လေ။ မေကတော့ မေဦးဆောင်ပြီး လိုက်ဖို့ ခေါ်ထားတဲ့သူတွေပါတဲ့ ခရီးစဉ်မို့ လို့  ဒီခရီးကို မလိုက်လို့ ကို မဖြစ်ဘူး။”

            “မေ ပြောချင်တာက မေကတော့ လုံးဝမသွားလို့  မရဘူး။ မောင်ဘာသာ မစောင့်နိုင်ရင် ပြန်ဆိုတဲ့သဘောပေါ့ ဟုတ် လား။ တာချီလိတ်ကနေ ဒီအထိတောင် ချစ်သူမျက်နှာမြင်ရရုံ ချစ်သူနဲ့ အတူ Valentine Dayမှာ ကျရောက်မဲ့ မောင်တို့ ရဲ့ Anniversary Day ကို အတူရှိရအောင်လာတဲ့မျက်နှာကိုမှ မထောက် မေလုပ်ရက်တယ်ပေါ့။”

            “မောင် မကပ်သပ်နဲ့ ကွာ။ မောင် ၁ရက်လောက် ပိုနေပေးလိုက်ရင်ရတာ မေသိပြီးသားပဲ။ လိမ္မာပါတယ်ကွာ ... နော်”

            “အဲလိုလာမချော့နဲ့ ။ ဒီလိုနဲ့  မောင်နဲ့ မေ တစ်နေ့ ထက်တစ်နေ့  တဖြည်းဖြည်းဝေးကွာလာတာကို မေ သတိထားမိရဲ့ လား။ အရင်ကမောင့်အတွက် အချိန်ပြည့်ပေးထားနိုင်တဲ့ မေ့ရဲ့အချိန်ဇယားတွေ ဘာကြောင့် တစ်နေ့ တခြားနည်းနည်းလာရ တာလဲ။ နောက်ပြီးမေက မောင်တစ်ယောက်ထဲနဲ့ သာ အကြာကြီးပြောတာပါဆိုတဲ့ဖုန်းဟာ ဘာကြောင့်များ ဖုန်းမအား တဲ့အချိန်တွေ  ပို ပိုများလာရတာလဲ။ ရှင်းပြပါအုံး။”

            “မောင် မရစ်နဲ့ နော်။ တခြားသူတွေနဲ့ စကားအကြာကြီး မပြောပေမဲ့ အလုပ်ကိစ္စတွေ မလွှဲမရှောင်သာရှိလာရင် မေ ဖုန်းပြောရမှာပဲ။ တစ်နေ့ တစ်နေ့ ရုံးမှာ မေဘယ်လောက်အလုပ်များလည်း မောင်အသိဆုံး။ တော်ပြီ။ စိတ်မရှည်တော့ဘူး။ မေ ညနေခရီးသွားဖို့ ကိစ္စကို အဖွဲ့ ကလူတွေနဲ့ တွေ့ ပြီး စီစဉ်စရာရှိတာတွေ စီစဉ်ရအုံးမယ်။ သိမ်ကြီးဈေးသွားပြီးတော့လည်း ပုံဆွဲ စာအုပ်တွေ ဘာတွေ ၀ယ်ရအုံးမယ်။ မေ့မှာ အချိန်မရှိဘူး”

            “အော် မေက မေ့အဖွဲ့ အတွက်ပဲအချိန်ရှိတယ်ပေါ့။ ဟိုးအဝေးကြီးက တကူးတကလာတွေ့ တဲ့ချစ်သူနဲ့ ကျ စကားပြောဖို့ တောင် အချိန်မရှိဘူးပေါ့။ တရားကျဖို့ ကောင်းလိုက်တာကွာ”

            “အပိုစကားတွေ မပြောနဲ့ မောင်။ ရှေ့ ဆက်ပြောလည်း မေတို့ နှစ်ယောက် ရန်ဖြစ်ရုံကလွဲပြီး ဘာမှအကျိုးရှိမှာမဟုတ် ဘူး။ မေ ပြန်တော့မယ်”

             ဒီဆိုင်ကိုရောက်ချိန်ထဲက မှာထားသောကော်ဖီနှစ်ခွက်လည်း တစ်ချက်မှမတို့ ထိရသေးပဲ အေးစက်စက်နှင့် အပေါ် ယံကျောတင်းမာနေပြီဖြစ်သလို သူမတို့ နှစ်ယောက်ကြားမှ အခြေအနေကလည်း ဤသို့ ပင်မထူးလှတာမို့  ဆက်မပြော လိုတော့သောစိတ်ကြောင့် ပြောပြောဆိုဆိုပင် နေရာမှ သူမထလိုက်သည်။ ကျောခိုင်းရန်ဟန်ပြင်လိုက်စဉ်မှာပဲ သူမလက်ကို တုံ့ ကနဲ ဆောင့်ဆွဲလိုက်သလိုဖြစ်သွားတာမို့  သူမ နာကျင်သွားမိသည်။

             “ဘာလုပ်တာလဲ မောင်။ လက်ကို လွှတ်။ နာတယ်”

            “လူတွေအများကြီးဝိုင်းကြည့်တာ မခံချင်ရင် ပြန်ထိုင်လိုက် မေ။ မေစကားဆုံးပေမဲ့ မောင်ပြောစရာမကုန်သေး ဘူး။ အေးအေးဆေးဆေး ပြန်ထိုင်ပြီး စကားဆက်ပြောကြတာပေါ့”

            ရုပ်မပျက်ချင်လို့ ပြန်ထိုင်လိုက်ရပေမဲ့ သူမကိုအတင်းအကျပ်အမိန့် ပေးခိုင်းစေတာကို သူမ လုံးဝမကျေနပ်ပေ။

            “မေ ဒီစကားကို အလေးအနက်ထားစဉ်းစားပါ။ ချက်ချင်းအဖြေမပေးပါနဲ့ ။ မောင် မေ့အဖြေကို ချက်ချင်းမသိချင် ဘူးနော်။ မေ မောင့်ကို လက်ထပ်ပါ။ ပြီးတော့ မေရဲ့လက်ရှိအလုပ်တွေကို မောင်နဲ့ လက်ထပ်ပြီးရင် မလုပ်ပါနဲ့ တော့။ မောင့် အတွက် အိမ်ရှင်မကောင်းတစ်ယောက်အနေနဲ့ ပဲ သီးသန့် ရပ်တည်ပေးပါ။ ဖြစ်နိုင်မယ်မဟုတ်လား မေ။ အခု မဖြေပါနဲ့ ။ မေ စဉ်းစားပြီးမှ သေချာအဖြေပေးပါ။”

            “စဉ်းစားစရာမလိုဘူး မောင်။ ချက်ချင်း အဖြေပေးမယ်။ မောင်ပြောချင်တဲ့ လက်ရှိအလုပ်ဆိုတာ ပရဟိတအလုပ် ကို ပြောတယ်ဆိုတာ မေ သိတယ်။ အိမ်ထောင်ကျတာနဲ့  ပရဟိတမလုပ်ရဘူးဆိုတာတော့ လုံးဝအဓိပ္ပါယ်မရှိဘူး။ အရင်လို အချိန် ပြည့်မလုပ်နိုင်ရင်တောင်မှ ညအိပ်ညနေခရီးတွေ မလိုက်နိုင်ရင်တောင်မှ လုပ်နိုင်တဲ့အတိုင်းအတာကနေ လိုအပ်တဲ့နေ ရာတွေကို ကူညီနေရအုံးမှာပဲ။ လူတစ်ယောက်ကို လက်ထပ်လိုက်ပြီဆိုတာနဲ့ ဘာမှမလုပ်ရတော့ဘူးဆိုရင် ဒါဟာမိန်းမ တစ်ယောက်ရဲ့ဘ၀ကို ချုပ်နှောင်လိုက်တာပဲ။ အဲလိုလုပ်မယ်ဆိုရင်တောင် အပေါ်ယံချုပ်နှောင်မှုအနေနဲ့  သူ့ ရဲ့ ခန္ဓာကိုယ်ကိုသာ တားလို့ ရကောင်း ရမယ်။ သူ့ ရဲ့စိတ်၊ သူ့ ရဲ့ဝါသနာ၊ သူ့ ရဲ့ဗီဇကိုတော့ ရှင်အကျဉ်းမချနိုင်ပါဘူးမောင် ”

            “မေ့ဆီကမတောင်းသေးတဲ့အဖြေကို မေ ချက်ချင်း ပြန်ပေးတယ်နော်။ ကောင်းပြီ။ ဒါဆိုရင် မေက မောင့်ကိုလက် တွဲဖြုတ်မလား။ ဒါမှမဟုတ် မေရဲ့အဖွဲ့ ကို လက်တွဲဖြုတ်မလားလို့  မောင်ကမေးရင် မေဘာကိုရွေးချယ်မလဲဆိုတာ မောင်သိချင် တယ်။”

            “ဘာမှမဆိုင်တာတွေ လာပြောမနေနဲ့ မောင်။ မောင်က မေ့ဘ၀အတွက်လက်တွဲဖော်လို့  စဉ်းစားပြီး မေ ရွေးချယ်ခဲ့ တဲ့ ချစ်သူ၊ အခု မောင်ပြောနေတာက မေအင်တိုက်အားတိုက်လုပ်ကိုင်နေတဲ့ မေ ၀ါသနာလည်းပါတဲ့ ပရဟိတအဖွဲ့ ။ ဘာမှ ယှဉ်ပြီး ပြောစရာမရှိသလို ယှဉ်ပြီးရွေးစရာလည်းမလိုအောင် တူမှမတူတာပဲ။ ဘာမှမဆိုင်တဲ့ ခေါင်းစဉ်၂ခုကိုယှဉ်ပြီးရွေးစရာ အကြောင်း မရှိဘူး မောင်။ မေ မောင်နဲ့  ရန်မဖြစ်ချင်ဘူးနော်။ အေးအေးဆေးဆေးနေပါ။”

             “ဘာလို့ မဆိုင်ရမှာလဲ မေ။ မေ့လုပ်ရပ်ကို မေပြန်စဉ်းစားကြည့်ပါအုံး။ မေနဲ့ မောင် ဘယ်လိုစတွေ့ ခဲ့တာလဲ။ မောင် တို့ နှစ်ယောက်လုံးသုံးတဲ့ Social Network တစ်ခုဖြစ်တဲ့ Multiply Website ကနေမှ မေ့ကို မောင်ခင်မင်ခွင့်ရခဲ့တာ။ ဒါတောင် မေ က Multiply ဆိုဒ်မှာတွေ့ ရင်သာ မောင့်ကို နွေးနွေးထွေးထွေး ခင်ခင်မင်မင်ဆက်ဆံတာ။ အဲလိုမှမဟုတ်ပဲ G mail မှာတွေ့ လို့  နှုတ်ဆက်ပြီးလှမ်းစကားပြောမိရင်တောင် မသိတဲ့သူစိမ်းတွေနဲ့  စကားမပြောတတ်ပါဘူး။ G talk လည်း ဖွင့်ပြီး Chatting မထိုင် တတ်ဘူး။ Mail စစ်ရုံလောက်ပဲသုံးတာပါဆိုတဲ့ မေ့ရဲ့စကားတွေကြောင့် မောင့်မှာ မေ့ကို ရိုးရိုးသားသား G talk မှာ စကားပြောခွင့်ရဖို့ ကိုတောင် ၂လလောက် ကြိုးစားခဲ့ရတာ။”

             “ဟုတ်တယ်လေ။ အဲဒါအမှန်ပဲဟာ။ မေတကယ်လည်း Mail ဖွင့်စစ်ရုံလောက်ကလွဲပြီး မေ သုံးလေ့မရှိဘူး။ Chatting ထိုင်တာလည်း မေ ၀ါသနာမပါဘူး။ G talk ကိုဖွင့်ပြီး စကားပြောဖြစ်တာတောင် မောင်နဲ့  အချိန်အတော်ကြာကြာ ခင်မင်ပြီး မှ ဖြစ်လာတာလေ။”

            “ဟုတ်ပါတယ်။ ဒါကို မောင်သိပါတယ်။ မေနဲ့ ခင်မင်ခွင့်ရအောင် မေနဲ့  G talk မှာသူငယ်ချင်းဖြစ်ခွင့်ရအောင်၊ ဖြစ် သွားတော့လည်း နေ့ နေ့ ညညစကားပြောခွင့် Chat ခွင့်ရအောင် ဘယ်လောက်တောင်ကြိုးစားခဲ့ရသလဲ။  မေနဲ့ မောင် ချစ်သူ မဖြစ်ခင်က မေ့ဆီက ဖုန်း နံပါတ်ကိုရဖို့  မောင်ဘယ်လောက်တောင်ကြိုးစားခဲ့ရလဲ။ မရင်းနှီးတဲ့သူတွေနဲ့  ဖုန်းမပြောတတ်ပါဘူး ဆိုတဲ့ မေ့ရဲ့အငြင်းစကားကို ၃လလောက် နေ့ တိုင်းကြားနေရတာ။ တွေ့ တဲ့သူတိုင်းကို ဖုန်းနံပါတ် မပေးတတ်ပါဘူးဆို။”

             “အဲဒါလည်း အမှန်ပဲလေ မောင်”

  “ဟုတ်ပါတယ်။ အဲဒီအချိန်တုံးကတော့ ဟုတ်ပါတယ်။ မေနဲ့ မောင်ချစ်သူမဖြစ်ခင်က မေ့ဖုန်းနံပါတ်ကိုတောင်းတိုင်း သူစိမ်းယောကျာ်းလေးရဲ့ ဖုန်းကို လက်မခံပါဘူး။ စာဖတ်ပရိသတ်ကိုသာ လေးလေးစားစား စကားပြန်ပြောတတ်တာပါဆို တဲ့ မေရဲ့ အပြောကြောင့် မေရဲ့ဝတ္ထုတွေကို အာဂုံဆောင်ပြီး အလွတ်တောင်ပြန်ရွတ်နိုင်သည်အထိ မောင် ဖတ်ခဲ့မှတ်ခဲ့တာ။ မောင် ကိုယ်တိုင် လည်း စာရေးတာဝါသနာပါတာမို့  မေ့ဆီမှာ စာရေးဖို့ အကြံဥာဏ်တွေယူရင်း မေ့ဝတ္ထုလေးတွေအကြောင်း ဝေဖန် ဆွေးနွေး ရင်း မောင်တို့ နှစ်ယောက်ရဲ့ ခင်မင်ခွင့်ကို ကြိုးတစ်စလိုရှည်သထက်ရှည်အောင် ဆွဲဆန့် ခဲ့ရတာပါ။ ညတိုင်း ဖုန်းဆက် ပြီး မေနဲ့ စကားအကြာကြီးပြောခွင့်ရအောင် ဖန်တီးခဲ့ရတာ။”

             “ဟုတ်တယ်လေ။ အဲလိုတွေကြောင့်ပဲ သံယောဇဉ်တစ်ခု ဖြစ်တည်ခဲ့ပြီး မေနဲ့ မောင်နဲ့ ချစ်သူတွေ ဖြစ်လာခဲ့တာပေါ့။ ဒီအကြောင်းတွေကို မေရော မောင်ရော သိပြီးသားပဲလေ။ မောင် ဘာပြောချင်လို့  ဒီအကြောင်းတွေကို ပြန်ပြောနေရတာလဲ။”

            “ပြောမှာပါ။ မောင့်မှာတော့ အဲဒီလိုအပြောလေးကိုလေးစားပြီး မေ့ကို နှစ်သက်ခဲ့ မြတ်နိုးခဲ့တာ။ တန်ဖိုးထားပြီး လေး စားခဲ့တယ်။ ရိုးသားအေးဆေးတဲ့ချစ်သူလေးတစ်ယောက်ကောက်ရတာပဲဆိုပြီး ပျော်လိုက်ရတာ။ ခုတော့တော်ရုံလူကို ဖုန်း နံပါတ်မပေးတတ်ဘူးဆိုတဲ့ မေရဲ့ ဖုန်းနံပါတ်ကို အွန်လိုင်းပေါ်မှာ ကြော်ငြာတစ်ခုလို မသိချင်အဆုံး။ မေ့G mail ကိုလည်း ဘယ် သူ့  ကိုမေးမေး မသိသူ မရှိသလောက်ပဲ”

           “ဘာဆိုင်လဲ မောင်။ အခု မေ့ဖုန်းနံပါတ်ကိုလူတိုင်းသိတယ်ဆိုတာက မေလုပ်နေတဲ့ပရဟိတလုပ်ငန်းတွေအတွက် မေ တို့ သွားလှူမဲ့နေရာတွေအတွက် ကိုယ်တိုင်မသွားရောက်နိုင်ပေမဲ့ လှူချင်တဲ့သူတွေဆက်သွယ်လှူဒါန်းနိုင်အောင် အဖွဲ့ ထဲက လူ တွေရဲ့ ဖုန်းနံပါတ်ကို အကုန်ပေးထားတာ။ မေ့တစ်ယောက်ထဲရဲ့ နံပါတ်ကိုပဲပေးထားတာ မဟုတ်ဘူး။ ဘယ်သူကမှလည်း ဆက်သွယ် လှူဒါန်းနိုင်ပါသည်ဆိုတဲ့ ဖုန်းကိုဆက်ပြီး ရည်းစားစကားပြောလောက်အောင် မရိုင်းဘူး မောင်။ အလှူထည့်တဲ့သူတွေ၊ အလှူ အကြောင်းသိချင်လို့  မေးမြန်းစုံစမ်းကြသူတွေကိုတော့ ယောကျာ်းပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ်  ဘယ်အသက် အရွယ်ဖြစ်စေ လူမှုရေး အရ ကောင်းကောင်းမွန်မွန်ဆက်ဆံရမှာ မေ့ဝတ္တရား ပဲ။ နောက်ပြီး မေ့ရဲ့အသက်အရွယ် မေ့ရဲ့အနေအထားနဲ့  ဘယ်သူကမှ လည်း ပေးထားတဲ့ ဖုန်းနံပါတ်ကိုဆက်ပြီး ကလေးကလား ရည်းစားစကားမပြောဘူး။ မောင် သာ မလိုလားအပ်တာတွေးပြီး စိတ်ပူနေတာ”

            “မလိုလားအပ်တာတွေစိတ်ပူနေတာလို့ မပြောနဲ့  မေ။ မေတို့ အဖွဲ့ မှာ မေတစ်ယောက်ပဲ မိန်းကလေးရှိတာလား။ ကျန်တဲ့ မိန်းကလေးတွေက မလာနိုင် မလိုက်နိုင်ကြဘူးလား။ မေတို့ သွားကြတဲ့ခရီးစဉ်တွေရဲ့ ဓာတ်ပုံတွေတက်လာ ရင် မေ့ဘေးနား မှာပါတဲ့ ယောကျာ်းတွေသာပြောင်းသွားတယ်။ မေကတော့မပြောင်းဘူး။ နေပါအုံး။ ရန်ကုန်မှာနေရာစုံသွားလည်း မေပဲ။ နယ်သွား လည်း မေပဲ။ ဘယ်နေရာကိုသွားသွား မိန်းကလေးထဲမှာ မေကတော့ ပင်တိုင်ပဲ။ မေအဖွဲ့ မှာ မေမှ မရှိရင် မဖြစ်တော့ဘူးလား။”

            “မဆိုင်တာတွေ မပြောနဲ့ မောင်။ ခရီးသွားရင်လိုက်နိုင်တဲ့မိန်းကလေးကတော့ အမြဲပုံသေမရှိနိုင်ဘူး။ များသောအားဖြင့် သင်တန်းတွေ ကျောင်းတွေတက်နေရတဲ့ အငယ်တွေများတော့ ဒီခရီးကို သူလိုက်နိုင်ရင် နောက်ခရီးကို သူလိုက်နိုင်ချင်မှလိုက် နိုင်လိမ့် မယ်။ သူတို့ အလုပ်တွေနဲ့ ချိန်ပြီးလိုက်ရတာလေ။ ဘာပဲဖြစ်ဖြစ် မေသွားရင်တော့အဖော်မိန်းကလေးတစ်ယောက်မဟုတ် တစ်ယောက် ပါတာပဲလေ။”

            “ဟုတ်ပါတယ်။ ကျန်တဲ့သူတွေ အမြဲမလိုက်နိုင်တာ မောင်သိပါတယ်။ မောင့်ရဲ့မေတစ်ယောက်ကသာ အမြဲတမ်းဒိုင်ခံလိုက်နိုင် တယ်ဆိုတာလည်း မောင်သိနေတာပဲ”


            “ဟုတ်တယ်လေ။ မေက အဖွဲ့ မှာ Admin တာဝန်ယူထားတာပဲ။ အခြားရိုးရိုးအဖွဲ့ ဝင်တွေထက်စာရင်တော့ မေက အလုပ် ရှုပ်မှာပဲလေ။”

            “အဲဒါကြောင့် မေ့ကို Admin မလုပ်ပါနဲ့ တော့လို့  မောင်တားနေတာလေ။ ရိုးရိုးအဖွဲ့ ဝင်တစ်ယောက်အနေနဲ့ ပဲ နေပြီး လုပ်နိုင်တဲ့အချိန် လုပ်ပေးလိုက်။ မလုပ်နိုင်တဲ့အချိန်ကျတော့လည်း ဒီအတိုင်းထားလိုက်ရင်ရတာပဲကို။ နေပါအုံးဒီအဖွဲ့ ရဲ့ Admin ရာထူးကိုလည်း မေက တစ်လကိုလစာဘယ်လောက်ရနေလို့  မနှုတ်ထွက်နိုင်ရတာလဲ။”

              “စေတနာရယ် ၀ါသနာရယ်ကို အခြေခံပြီး ကိုယ့်အိတ်ထဲက ကိုယ်စိုက်ပြီး လုပ်နေကြတာ မောင်။ မေတို့ ကို လစာ ဘယ်လောက်ပေးလို့ ရယ်ဆိုပြီး လုပ်နေတာမဟုတ်ဘူး။ လစာလိုချင်လို့  ငွေလိုချင်လို့ ဆိုရင် တခြားအလုပ် လုပ်မှာပေါ့။ ဘာကြောင့် ပရဟိတလုပ်မှာလဲ။ မေ့မှာ လစာရမဲ့ ကုမ္ပဏီအလုပ်ရှိနေပြီးသားပဲ။”

            “မောင်နဲ့ တွေ့ ဖို့ ဆိုရင် ဒီတပါတ် မအားသေးဘူး။ နောက်တစ်ပတ် အစည်းအဝေးရှိသေးတယ်။ အလုပ်ကိစ္စနဲ့  ခရီး သွားရအုံး မယ်နဲ့  ရန်ကုန်တစ်ခါလာချင်ရင် မေနဲ့ တစ်လလောက်ကြိုညှိုပြီးမှ လာလို့ ရတယ်။ မောင်နဲ့ တွေ့ ဖို့ ဆိုရင် အချိန်  အမတန်ဆင်းရဲပါ တယ်ဆိုတဲ့ မေက မေ့အဖွဲ့ အတွက်ဆိုရင် ရုံးဖွင့်ရက်လည်း ဖြစ်တာပဲ။ ရုံးပိတ်ရက်လည်း လာထားပဲ။ မောင် မသိလို့ မေးပါ ရစေ။ မေ့အဖွဲ့ က မောင့်ထက် အရေးကြီးသလား။ မောင်ကို သူတို့ လောက်တောင်မှ မေ့ရဲ့ ကိုယ်ပိုင်အချိန်ကို ခွဲမပေးနိုင်ဘူးလား။”

            “တဖြည်းဖြည်းနဲ့  မောင့်စကားတွေက လွန်လာပြီနော်။”

            “မလွန်ပါဘူး။ လိုတောင်လိုသေးတယ်။ ချစ်သူနဲ့ ဆိုရင် လက်ကလေးကိုင်ပြီး လမ်းအတူတူတွဲလျှောက်ဖို့ တောင် တွန့်  တိုတဲ့သူ၊ လူကြားထဲမှာတွဲသွားရမှာတောင် မ၀ံ့ရဲတဲ့မေက မောင်မဟုတ်တဲ့ မေရဲ့အပေါင်းအသင်း အဖွဲ့ ဝင်တွေနဲ့ ကြတော့ ညအိပ် ညနေခရီးတွေအတူသွားဖို့  ၀န်မလေးခဲ့ဘူး။ မနှစ်က Valentine Day မှာ၂ယောက်အတူလျှောက်သွားရင်း အမှတ်တရ ဓာတ်ပုံ ရိုက်ရအောင်လို့  မောင်ပြောချိန်တုံးကတော့ မောင်နဲ့ နှစ်ယောက်တွဲပုံ သူများတွေ မြင်သွားမှာကြောက်ပါတယ်ဆိုတဲ့ မေက မေရဲ့ အဖွဲ့ ဝင်တွေနဲ့ ကျ ရှောရှောလျူလျူ ဓာတ်ပုံတွေ တွဲရိုက်၊ အွန်လိုင်းတင် ဒါမျိုးကြတော့ တင့်တယ်တယ်တဲ့ လား။ မေရဲ့ပုံတွေ  အွန်လိုင်း က မေရဲ့ဆိုဒ်မှာ  မမြင်ချင်အဆုံး။ ပုံတွေတက်လာတိုင်းမှာ လည်း ဘေးနားကလူတွေသာ ပြောင်း သွား တယ်။ မေကတော့ ပင်တိုင်မင်းသမီးပဲ။ ချစ်သူချင်းသိမ်းထားရအောင်ဓာတ်ပုံ တစ်ပုံလောက်ပေးပါလို့ တောင်းတာကို တွန့် တိုတတ်တဲ့ မေ့ ကြောင့် မေ့ပုံကို အင်တာနက်က Download ဆွဲပြီး ကိုယ့်ဘာသာကိုယ်ပြန်ကူးရတဲ့ယောကျာ်း တစ်ယောက်ရဲ့ ခံစားချက်ကိုရော မေ ထည့်တွက်ဖူးခဲ့လား။”

           “ရှင်ပြောလို့ ဝပြီလား။ မောင်”

          “ဟင့်အင်း မ၀သေးဘူး။ ပြောမယ်ဆို မောင့်ရင်ဘတ်ထဲမှာ မကျေနပ်ခြင်းတွေကို လွယ်ပိုးထားရတာ အချိန်ကြာလို့  ပြည့် သိပ် လေးလံ မွန်းကျပ်နေပြီ။”

           “ဒါဆို မေ့မှာလည်းပြောစရာအဆင်သင့်ပဲမောင်။ နေရာတကာမှာချစ်လို့ ပါဆိုတဲ့အကြောင်းပြချက်နဲ့ မေ့ကို လိုက်ကန့် သတ် ချုပ်ချယ်နေတာကရော ကောင်းသလား”

            “ကောင်းတယ်လေ။ ဘာဖြစ်လို့ လဲ။ မေ့ကို မောင်လက်ထပ်ဖို့  တစ်သက်လုံး လက်တွဲဖို့  ရည်ရွယ်ပြီးချစ်ခဲ့တာ။ ဘာအကြောင်းနဲ့ မှ မောင်တို့ ဝေးသွားလို့  မဖြစ်ဘူး။”

            “ဘယ်သူက ဝေးအောင်လုပ်နေတာလဲ မောင်။ ရှင် မှားနေပြီ။ ချစ်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းကို ဆုပ်ကိုင်ပြီး နေရာ တကာ မေ့ရဲ့ ကိုယ်ရေးကိုယ်တာတွေကို လိုက်ပြီးစွက်ဖက်နေတာ ဘယ်လောက်စိတ်ပျက်စရာကောင်းတဲ့ အပြူအမူလဲ။ မေ သည်းခံခဲ့တာ များပြီနော်”

             “မေ့ကို စိတ်မချလို့ ပြောနေရတာလေ။ မေ့ရဲ့အနားမှာ မောင်လည်းအချိန်ပြည့်ရှိတာမဟုတ်ဘူး။ မေနဲ့  မောင်တစ်မြို့  တစ်ရွာ ဆီမှာ နေ နေရတာ။ မေ့ကို မျက်စိအောက်မှာထားပြီး အချိန်မရွေးစောင့်ရှောက်နိုင်တာမဟုတ်လို့  စိတ်ပူနေရတာပေါ့။”

             “တူတူမနေရလို့  စိတ်ပူတမ်းသာဆိုရင် စိတ်မချဖြစ်ရတမ်းသာဆိုရင် တစ်တိုင်းတစ်ပြည် အရပ်တစ်ပါး နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေတဲ့သူတွေ ဘယ်လိုလုပ်ြကမလဲ။ ဘယ်လိုယုံကြည်မှုမျိုးနဲ့  ရှေ့ ဆက်လက်တွဲကြမလဲ။ နောက်ပြီး မေက လည်း မောင်မယုံကြည်နိုင်လောက်အောင် ကိုယ်ကျင့်တရားဖောက်ပြန်နေတဲ့မိန်းမတစ်ယောက် မဟုတ်ဘူး။ မေ့ရဲ့ အလုပ် အကိုင်၊ အသက်အရွယ်နဲ့  ဘယ်သူကမှ မေ့ကို မလေးမစား မဆက်ဆံရဲဘူး။ စိတ်မချဘူးဆိုတာကလည်း အတိုင်းအတာရှိ တယ်။ မောင်နဲ့ ပတ်သက်နေတဲ့မိန်းမဟာ မျက်စိကွယ်တာနဲ့ သူများတွေနဲ့ အတူသွားအတူလာလုပ်တာနဲ့ စိတ်မချရဘူးဆိုရင် အဲဒီမိန်းမနဲ့  ဆက်ပြီး ပေါင်းမနေနဲ့ တော့ မောင်။ လမ်းခွဲလိုက်တာ အကောင်းဆုံးပဲ။ တကယ်တော့ လူတကာနဲ့ သ၀န်တိုတယ် စိတ်မချဖြစ် တယ်ဆိုတာ ကိုယ်နဲ့ ပတ်သက်နေတဲ့ အဲဒီမိန်းမကို မယုံကြည်တာ၊ စော်ကားတာနဲ့ အတူတူပဲ။ ကိုယ့်ကွယ်ရာမှာ သူစိမ်း တစ်ယောက်နဲ့  စကားပြောဆိုဆက်ဆံရုံနဲ့  စိတ်မချရဘူးဆိုရင် ဘယ်မှာလဲ ဒီလူနှစ်ယောက်ကြားက ယုံကြည်မှု၊ ချစ်ခြင်း မေတ္တာ။ လူဆိုတာ အတ္တဟိတ ပရဟိတ ရှိရတယ်။ မေခုလို လူအများနဲ့ တွဲသွားတွဲလာလုပ်နေတာ လူမြင်ကွင်း မှာ ပေါ်တင်လှုပ်ရှားသွားလာနေ တာ။ မမြင်ကွယ်ရာမှာ နှစ်ယောက်ထဲတွေ့ နေတာမဟုတ်ဘူး။ နောက်ပြီး မေဘယ်သွားတယ် ဘာလုပ်တယ်ဆိုတာ အွန်းလိုင်း ပေါ်မှာ စာမျက်နှာတွေပေါ်မှာ တက်ပြီးသား။"

            "မေလုပ်နေတာတွေဟာ အတ္တဟိတကိုဦးစားပေး တာမဟုတ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လည်း လိပ်ပြာသန့် တယ်။ တကယ်အကူအညီလိုနေတဲ့နေရာတွေမှာ မေတို့ ရဲ့ အပြုံးတစ်ချက် နွေးထွေးမှုတစ်ကွက်ဟာ သူတို့ တွေအတွက် အကျိုးရှိစေ တယ်ဆို၇င် ဘယ်လို အခက်အခဲအတားအဆီးတွေရှိရှိလုပ်နေမှာပဲ။ မေက ကိုယ်ကောင်းရင်ခေါင်းဘယ်မှမရွေ့ ဘူးဆိုတဲ့ စကားပုံကို လက်ကိုင်ထားတယ်။ ယုံလည်း ယုံကြည်တယ်။ ရေများရာမှာ မိုးထပ်မရွာဘူး။ ရေလိုတယ်ဆိုရင်လိုနေတဲ့နေရာမှာ တစ်ပေါက်ကလေး ပဲ ပေးနိုင်ပါစေပေးမှာပဲ။ ကိုယ်ပေးလိုက်တဲ့ ရေတစ်စက်ဟာ တကယ်လိုအပ်နေတဲ့နေရာအတွက်ထိရောက် တယ်ဆိုရင် အဲဒီအတွက် ဘာစွန့် လွှတ်ရမလဲ။ မေ စွန့် လွှတ်ဖို့ ဝန်မလေးဘူး။ ဒီအလုပ်တွေကို မစွန့် လွှတ်နိုင်လို့  မောင်နဲ့  လမ်းခွဲရမယ်ဆိုရင်တောင် မေ ၀မ်းမနည်းဘူး။ နားလည်ပေးပါလို့  မောင့်ကိုအကြိမ်ကြိမ်ပြောခဲ့တယ်။ ရှင်းပြခဲ့တယ်။ ဒါထက်လည်း မေ့ဘက်က ဆက်မကြိုး စားနိုင်တော့တာ မို့  မောင်ကြိုက်သလိုသာဆုံးဖြတ်ပါ။ သဘောထားချင်း မတိုက်ဆိုင်တဲ့သူ့ ကိုယ့် ကိုနားလည်မှုမပေးနိုင်တဲ့လူနဲ့ လည်း တသက်လုံးလက်တွဲနိုင်ဖို့ အဆင်မပြေနိုင်ပါဘူး။ ဒါ မေ့အဖြေပဲ။”

            “မေက ခုတော့ ပြောအားရှိပြီပေါ့ကွာ။ အနားမှာ ၀ိုင်းဝိုင်းလည်လည်နေတာကိုး။ မင်းအတွက်ဆို ဘာပဲလုပ်ပေးရ ပေးရဆိုတဲ့ သူတွေက အများကြီးလေ။”

            “မစော်ကားနဲ့  မောင်။ နောက်ပြီးတွေ အပိုမပြောနဲ့ ။ မေ့မှာ ရည်းစားရှိမှန်း မေ့သူငယ်ချင်းတွေ အားလုံးသိတယ်။ ဘယ်သူမှန်း ဘယ်ဝါမှန်း မသိတာကလွဲလို့  မေ့ရည်းစားဟာ တွေ့ ရာလူနဲ့  စွပ်စွဲတတ် သ၀န်တိုတတ်တာကို တစ်ဖွဲ့ လုံးက သိထားပြီးသားပဲ။ မေ အရမ်းရှက်တယ်မောင်။”

          “အဲဒီတော့ မေက မေ့အဖွဲ့ ကနေဘာအကြောင်းနဲ့ မှ မထွက်နိုင်ဘူး။ ခရီးသွားဖို့ ကိုလည်း ဘာအကြောင်းနဲ့ မှ မပြင်ဆင်နိုင်ဘူး ဆိုပါတော့”

         “အဲဒါအမှန်ပဲ မောင်။ မေ့ဆုံးဖြတ်ချက်ကို မပြင်နိုင်ဘူး။ ကျန်တာကတော့ ကြိုက်သလိုသာ ဆုံးဖြတ်ပါ။ မေသွားပြီ”

         ပြောရင်လည်း ဆုံးမှာမဟုတ်တဲ့အတူတူ စကားဖြတ်ကာ အနိုင်နဲ့ ပိုင်းပြီး သူမထွက်လာခဲ့တော့သည်။ ထိုနေ့ က ခရီး သွားဖို့  ကိစ္စကို သူမ နောက်မဆုတ်သလို သူကလည်း ဒီခရီးလိုက်သွားခဲ့လျှင် သူနှင့်သူမ ပြတ်ပြီဟု တချိန်လုံးဖုန်းဆက်ကာ ခြိမ်းခြောက်နေ ခဲ့တာ ညနေပိုင်း သူမကားထွက်သည့်အချိန်အထိပင်။ အဖွဲ့ ကသူငယ်ချင်းတွေကတော့ ဒီတစ်ခေါက်မလိုက်တော့ ပဲ နေခဲ့ဖို့ ပြောပေမဲ့ သူမ လက်မခံခဲ့။ သူမတို့ သွားမည့်ကားဂိတ်ကို သူလိုက်လာတာမို့ သူနဲ့  သူမရဲ့ ပြသနာကို တစ်ဖွဲ့ လုံးသိ သွားတော့သည်။ သူမမှာသာ အနေခက်ရှက်ရွံ့ စွာ ခံစားခဲ့ရသည်။ ကားပေါ်တက်ခါနီးမှာ

           “မေ ဒီကားပေါ်တက်ပြီဆိုတာနဲ့  မောင်တို့ နှစ်ယောက်ဇာတ်လမ်းက ပြီးပြီနော်။ ဒီတော့ မေ ဆုံးဖြတ်ပါ”

          “မေ့ဘက်ကလည်း လုံးဝ မပြင်နိုင်တာကို ခွင့်လွှတ်ပါမောင်”

           သူမလက်ကို ဆွဲထားသော သူ့ လက်ကိုဖြုတ်ကာ ကား ပေါ်သို့  ဇွတ်တက်ခဲ့သည်။ သူမကို စိုက်ကြည့်နေသော မျက်ဝန်း များပေါ်က ချစ်ခြင်းများကိုနားလည်ပေမဲ့ ထိုအကြည့်နောက် ကွယ်မှ သံသယများကို သူမကြောက်ရွံ့ မိပြန်သည်။ သူ့ ရဲ့အတ္တများကို အနည်းငယ်လျှော့ပေးစေချင်တာက ကိုယ့်အတ္တပဲဖြစ်လို့ နေမလား သူမကိုယ်တိုင်တောင် မသေချာပေ။ စိတ်ထဲမှာလည်း သူ့ အပြုအမူ ကို ဆင်ခြင်စေရန် အချိန်အနည်းငယ်ပစ်ထားလိုက်မည်ဟုသာ ရည်ရွယ်ပါသည်။ သူမကို နားလည်ပေးနိုင်သော အဖော်မွန်ကောင်း တစ်ယောက်အဖြစ် သူ့ ကို မျှော်လင့်မိပါ သည်။

            စိတ်အနှောင့်အယှက်ကင်းချင်တာကြောင့် ရန်ကုန်ကစတင်ထွက်ခွာချိန်ထဲကဖုန်းပိတ်ထားခဲ့သည်။ တစ်လမ်းလုံး အဆင်ပြေချောမွေ့ ပြီး ကိုယ်လုပ်စရာကိစ္စများ လိုက်လံဆောင်ရွက်နေချိန်မှာတော့ သူ့ ကို မေ့ထားမိတာအမှန်။ ဒီလိုနဲ့  စိတ်ကြည်နူးစွာ လှူတန်းလုပ်ကိုင်ပြီး ရန်ကုန်ပြန်လာခဲ့သည်။ သူမ ရန်ကုန်ပြန်ရောက်သောနေ့ မှာပင်

            “Valentine Day မှာ လမ်းခွဲစကားပြောရတော့လည်း အမှတ်တရဖြစ်တာပေါ့”

             ဆိုသော Message တစ်ကြောင်းကို ပို့ ကာ သူ တာချီလိတ်သို့ ပြန်သွားခဲ့ပြီ။  ထိုစာကြောင်းကတော့ သူမတို့ နှစ်ယောက် ၏ နောက်ဆုံးပတ်သက်မှုပင်။ သူမအနေနဲ့  သူ့ အပေါ်ရက်ရက်စက်စက် လမ်းခွဲခဲ့တာမျိုးမဟုတ်ပေမဲ့ သူကတော့ သူမရဲ့ ရွေးချယ်မှုကို နာကြည်းစွာဖြင့် သူမအား မေ့နိုင် အောင် ကြိုးစားခဲ့သည်ထင်ပါသည်။ သူမကတော့ သူမယုံကြည်ရာလမ်း မှာ ဆက်လျှောက်နေရင်း တခါတရံမှာတော့ သူ့ ကို သတိရမိပါသည်။ အထူးသဖြင့် ပရဟိတကိစ္စတွေဖြင့် သူမ ခရီးတွေထွက် တိုင်းမှာပေါ့။ သူက သူမနဲ့  မဆက်သွယ်တော့ပေမဲ့ သူမရဲ့လှုပ်ရှားမှုတွေကို တိတ်တဆိတ် စောင့်ကြည့်နေတတ်တာကိုလည်း သိနေပြန်ပါသည်။


            သူမကရော ……………………………………….

            အထူးသဖြင့် Valentine နေ့ တွေမှာ သူ့ ကို မှတ်မှတ်ရရ တိုက်တိုက် ဆိုင်ဆိုင် သတိရနေပါအုံးမည်။



ရက်လွန်အိမ်မက် နိုးတဝက်ဖြင့်
မျဉ်းပြိုင်နှစ်ကြောင်း ဆုံမှတ်တစ်ခု
အတူသွားစဉ် လက်တွဲဖြုတ်၍
လမ်းခွဲရပြီ
မတူညီသော
ခံစားချက်၏ အတွေးဖြင့်။


မေဇူး

No comments:

Post a Comment